'ကျိန်ခြင်းမှ ကောင်းချီးမင်္ဂလာသို့' ကျမ်းစာသွန်သင်ခြင်း အသံဒရာမာ

Learn the whole Bible. Find Jesus in every story.

Students enjoying learning with Cursed to Bless

Get Updates Lesson App Download Overview

ခြုံငုံသုံးသပ်ချက်

ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်များစွာက သမ္မာကျမ်းစာသည် အလွန်အရေးကြီးကြောင်း သိကြသည်။ သူတို့သည် သမ္မာကျမ်းစာကို အနည်းငယ်သိသော်လည်း ယင်း၏အဓိကသတင်းစကားကို မသိကြပေ။ ဝမ်းနည်းဖွယ်ရာမှာ ကျမ်းစာအားလုံးသည် မည်ကဲ့သို့ ကိုက်ညီ၍ ယေရှုခရစ်တော်၏ အံ့သြဖွယ်ကောင်းသော ဧဝံဂေလိတရား ဆီသို့ ကျွန်ုပ်တို့အား ပို့ဆောင်ကြောင်းကို မကြာခဏ နားမလည်ကြပါပေ။ ဆိုလိုသည်မှာ သူတို့သည် မိမိတို့၏ ခရစ်ယာန်အသက်တာတွင် မကြီးထွားဘဲ၊ မှားယွင်းသောဆရာများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ 'ကျိန်ခြင်းမှ ကောင်းချီးမင်္ဂလာသို့' ကျမ်းစာလေ့လာခြင်းက ခရစ်ယာန်များ ကြီးထွားလာစေရန် ကူညီပေးသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။

်ခြင်းမှ ကောင်းချီးမင်္ဂလာသို့' က မည်သည့်အရာကို လုပ်ဆောင်သနည်း။

'ကျိန်ခြင်းမှ ကောင်းချီးမင်္ဂလာသို့' က မည်ကဲ့သို့ လုပ်ဆောင်သနည်း။

သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ ယုံကြည်ခြင်း၏အခြေခံဖြစ်သောကြောင့် ၎င်း၏ သ‌ဘော၊အသွားအလာ၊ နှင့် အဓိကဦးတည်ချက် တို့ကိုနားလည်ရန် အလွန်အရေးကြီးပါသည်။ သမ္မာကျမ်းစာသည် အမျိုးမျိုးသောကျမ်းဂန်များကို စုစည်းထားသော်စာအုပ် ဖြစ်သော်လည်း ၎င်းတို့အားလုံး၏ အဓိကရည်ရွယ်ချက်မှာ တူညီသောအရာပင်ဖြစ်သည်ဆိုတာ ယုံကြည်သူတိုင်း သိထားသင့်တဲ့ အရာဖြစ်ပါသည်။

သမ္မာကျမ်းစာကို နားလည်မှုမရှိခြင်းက ကျွန်ုပ်တို့အား မှားယွင်းသောသွန်သင်ချက်များဆီသို့ ဦးတည်သွားစေနိုင်သည်။ ဥပမာအားဖြင့်၊ ယုံကြည်သူများသည် ချမ်းသာပြီး ကျန်းမာရမည်ဟူသော သွန်သင်ချက်များ စသည်ဖြင့်.....

ဤ “ကောင်းချီးပေးဖို့ ကျိန်ဆဲခံခြင်း” သင်ခန်းစာသည် သမ္မာကျမ်းစာတစ်အုပ်လုံး၏ အဓိကရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြပေးသော သင်ခန်းစာဖြစ်ပါပြီး၊ အပိုင်း ၁-၁၂ အထိ လေ့လာသင်ယူနားလည်သဘောပေါက်ခြင်းအားဖြင့် သမ္မာကျမ်းစာတစ်ခုလုံး၏ ဦးတည်ချက်ကိုနားလည်သဘောပေါက်လာမှာဖြစ်ပါသည်။

လာလ်ဗဲလျန်

သင်းအုပ်ဆရာ၊ ဓမ္မပညာကျောင်းဆရာ နှင့် မြန်မာပြည် ဓမ္မအမှူတော် သင်တန်းကျောင်း (ကျောင်းအုပ်)

Series Introduction

[Description] Download Lesson App